Website အသစ်သည် Coronavirus အကြောင်း သတင်းအချက်အလက်များကို ဘာသာစကား ၂၅ မျိုးဖြင့် ထုတ်လွှင့်ပေးပါသည်။

Website အသစ်သည် Coronavirus အကြောင်း သတင်းအချက်အလက်များကို ဘာသာစကား ၂၅ မျိုးဖြင့် ထုတ်လွှင့်ပေးပါသည်။

ဤ website နှင့် hotline အသုံးပြု၍ သင်၏ဘာသာစကားဖြင့် coronavirus နှင့်ပတ်သက်သည့် မေးခွန်းများကို အဖြေရနိုင်ပါသည်။ ကျွန်ုပ်တို့၏ hotline နှင့် chatting တွင် ဘာသာစကား ၂၅ မျိုးဖြင့် ဘာသာစကားကျွမ်းကျင်သူများက တာဝန်ယူပါသည်။ နေ့တိုင်: (kl. 14.00-16.00) နာရီ အတွင်း ၀န်ထမ်းတစ်ဦး နှင့် စကားပြောနိုင်ပြီး (သို့မဟုတ်) စာရေးနိုင်ပါသည်။ အဆိုပါ ၀န်ထမ်းများထံတွင် ဒိန်းမတ်နိုင်ငံရှိ ကျန်းမာရေးဌာနမှ coronavirus နှင့်ပတ်သက်သည့်နောက်ဆုံး သတင်းအချက်အလက်များကို ရရှိနိုင်ပြီး မေးခွန်းအများစုကို ၎င်းတို့မှ ဖြေကြားနိုင်ပါသည်။

နေ့လည် kl 14-16 နာရီအတွင်း မဆက်သွယ်နိုင်လျှင် chatting fuction တွင် message ချန်ထား၍ သင့်မေးခွန်းများ၏အဖြေကို နောက်နေ့မှာ ဖြေကြားပေးပါလိမ့်မည်။ အဆိုပါ websiteသည် ရွေးချယ်ထားသောသတင်းများနှင့် ဒိန်းမတ်အာဏာပိုင်များထံမှ အရေးကြီးသောလမ်းညွှန်ချက်များကိုလည်း ယူဆောင်လာလိမ့်မည်။

Danish Refugee Council နှင့် Als Research တို့သည် ဤ website နောက်ကွယ်မှာရပ်တည်ပေးကြပြီး Novo Nordisk Fonden က ငွေကြေးဖြင့် ထောက်ပံ့ပေးပါသည်။ ဤနေရာတွင် ဖော်ပြထားသော အသိပညာများသည် တိကျမှန်ကန်ပြီး နောက်ဆုံးသတင်း ဖြစ်ကြောင်းသေချာစေရန် ဗဟိုဒိန်းမတ်အာဏာပိုင်များနှင့် ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ကြပါသည်။